တမူး ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်(၉) နာရီအချိန်က အဘိတ်ဆေးခတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဘိတ်ဆေးခတ်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အ.လ.က(ခွဲ)၊ အ.မ.က(၁)နှင့် မြို့မဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ရှိရေကန်၊ အိမ်သာရေလှောင်ကန်များ၊ သုံးရေကန်များတွင် ပိုးလောက်လန်းများ မပေါက်ဖွာနိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဘိတ်ဆေးခတ်ခြင်းကို မိုးရာသီတွင် ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေး၊ ငှက်ဖျား ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊ သန့်ရှင်းရေးများ နေ့စဉ်လုပ်ဆောင်ရန်၊ ပတ်ဝန်းကျင်ရှိ ခြုံနွယ်များအား ရှင်းလင်းဖယ်ရှားရန် စသည်ဖြင့်ခြင်ကြောင့် ဖြစ်ပွားတတ်သောရောဂါအန္တရာယ်မှ ကင်းဝေးစေရန် အသိပညာပေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)