စလင်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ဆေးများ ဆက်လက်ထိုးနှံ

စလင်း ဇွန် ၂၅

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်အတွင်းရှိ  ရဟန်းသံဃာ၊ နိုင်ငံဝန်ထမ်း ကျောင်းသား ကျောင်းသူများနှင့်ပြည်သူများအား  ကိုဗစ်ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး  ရောဂါဖြစ်ပွားမှုကင်းစင်စေရန်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးဝန်ထမ်းများက ဇွန်လ ၂၃ ရက်နေ့မှစတင်၍ စဥ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့ဇွန်လ(၂၅)ရက် နံနက်(၈)နာရီအချိန်တွင် စလင်းမြို့၊ စျေးမရပ်ကွက်အတွင်းရှိ     ကျန်းမာရေးဦးစီးဌာန(၃)ထပ်ဆောင်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသီဟဇော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေ၊  ကျန်းမာရေးဦးစီးအရာရှိ ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉  ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေးမထိုးနှံရသေးသူများ၊ ကာကွယ်ဆေးထိုးနှံပြီး (၆)လအထက်ရှိသူများနှင့် အသက်(၁၈)နှစ်အထက် ရဟန်းသံဃာ၊ နိုင်ငံဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူ၊  ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Pfizer ဆေးများထိုးနှံလျက်ရှိပြီး လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍  ယနေ့ဇွန်လ(၂၅)ရက်နေ့ထိ လူဦးရေ(၅၁၀၀)ခန့် ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မောင်လွင်(စလင်း)