မင်းဘူး ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့၌ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်အမျိုးသမီးများနေ့ ခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင် အထွေထွေအုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မင်းဘူးခရိုင်၊ အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာအမျိုးသမီးများသည် လူကုန်ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြဿနာများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UN-CEDAW) နှင့်အညီ အမျိုးသမီးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်အားလုံးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍပါဝင်မှုကို တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများကိုလည်း လျော့နည်းပပျောက်သွားအောင် အသိပညာပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းများကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဦးမြင့်မြတ်၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်မာမာဌေးတို့က အမျိုးသမီးများ၏ လူမှုရေးလိုအပ်ချက်များကို ဝန်ဆောင်မှုများ ပေးထားကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးမြှင့်တင်ခြင်းနှင့် အမျိုးသမီးများစွမ်းရည် မြင့်မားလာစေရန် ပညာရေး၊ ကျန်းမာရေးကဏ္ဍများအပါအဝင် အလုပ်အကိုင်ရရှိရေး တို့အတွက် အလှကုန်ပစ္စည်းများ ပြုလုပ်သည့်သင်တန်း၊ စက်ချုပ်သင်တန်း၊ ရေခဲ့မုန့်သင်တန်း၊ ဇာထိုးပန်းထိုးသင်တန်း၊ ဆပ်ပြရည် ပြုလုပ်သည့်သင်တန်းများ ဆောင်ရွက်ပေးထားကြောင်း ပြောကြားခဲ့သည်။
ဇေယျာနိုင်(ရွှေကန်မြေ)