ချောက် ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် သဘာဝဆေးဖက်ဝင်ခေါင်းလျှော်ရည် သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကျွမ်းကျင်ဆရာမ ဒေါ်ဇင်မာဦးက သဘာဝဆေးဖက်ဝင်ခေါင်းလျှော်ရည်ပြုလုပ်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ ပါဝင်ပစ္စည်းများကိုလည်းကောင်း၊ အသုံးပြုပုံများကို လည်းကောင်း လက်တွေ့ပြသ သင်ကြားပေးသွားမည်ဖြစ်သည်။
အသက်မွေးဝမ်းကျောင်းသင်တန်းအား ဇွန်လ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ နေ့စဉ်မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား/သူ (၁၇) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)