ရွှေတောင်မြို့နယ်တွင် နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ရွှေတောင် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏အနီးကပ်ကြီးကြပ်မှုဖြင့် ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးသန့်မှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်၊ ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး၊ သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးအတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း  ပုံမှန်အားဖြင့်(၂၁)နေ့တို့တွင် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၅၉)ဦးတို့အား ရောဂါရှာဖွေ ကုသပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)