ဇီးကုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ ကျင်းပ

ဇီးကုန်း ဇွန် ၂၄

ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက်၊ သုံးထပ်ဘုန်းတော်ကြီးကျောင်းမြေကွက်၌ ယမန်နေ့ နံနက် ၈ နာရီက ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊   မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဒေသခံပြည်သူများက သတ်မှတ်နေရာအသီးသီးတို့၌ ကျွန်း(၁၃၅)၊ မဟော်ဂနီ(၁၅)၊ မန်ဂျန်ရှား(၁၄၀)ပင်၊ ခရေ(၁၀)ပင် စုစုပေါင်းပျိုးပင်(၃၀၀)ကို စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)