ချောက် ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းကို နိုင်ငံတော်အစိုးရကသတ်မှတ်ထားသော အများပြည်သူ့ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် အငြိမ်းပင်စင်ထုတ်ယူသူ (၉၃၀) ဦးရှိရာ အငြိမ်းစားဝန်ထမ်း စုစုပေါင်း ပင်စင်ထုတ်ယူမည့်သူ (၃၂၈၀)ဦးရှိကြောင်းနှင့် အငြိမ်းစားဝန်ထမ်းပင်စင်လာရောက်ထုတ်ယူသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများက အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)