ပွင့်ဖြူ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးကြီးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးလုပ်ငန်းများကို သက်ဆိုင်ရာဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး နေ့ညမပျက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး မိမိတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဈေးများကို မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် ဈေးအတွင်း၊ အပြင်ရှိ လုံခြုံရေးမီးများနှင့် ဈေးဆိုင်ခန်းများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများနှင့်ပတ်သက်ပြီး မီးဘေးအန္တရာယ်မဖြစ်စေရေး စစ်ဆေးခြင်း၊ သဘာဝဘေးဒဏ်ကြောင့် မီးမလင်းသည့် လျှပ်စစ်မီးသီးများ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဈေးသူ၊ ဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်ထားရှိရေးနှင့် မလိုအပ်ဘဲ လျှပ်စစ်မီးသုံးစွဲခြင်းများ မပြုလုပ်ကြရန် အသိပညာပေးခြင်း၊ ဈေးမီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိသော မီးငြှိမ်းသတ်ရေးပစ္စည်းများ အသင့်အနေထားအသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခြင်း၊ မီးလောင်စေနိုင်သော လောင်စာများနှင့် အမှိုက်သရိုက်များမရှိစေရေး သန့်ရှင်းရေးပြုလုပ်ခြင်း စသည့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို နေ့ညမပျက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးများအားလုံးတွင် မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးလုပ်ငန်းများကို နေ့ညမပျက် ကြပ်မတ်စစ်ဆေးခြင်းအပြင် ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်း၊ ဈေးတွင်း၊ ဈေးပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရန် အပတ်စဉ် ဈေးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)