မြို့သစ်မြို့၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး

မြို့သစ် ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်ခန့်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရကသတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ဇွန်လ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ပြီး မြို့သစ်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်း ပင်စင်လစာ ထုတ်ယူမည့်သူစုစုပေါင်း (၁၂၅၄)ဦးရှိကြောင်း မြို့သစ်မြို့ မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)