ပုသိမ် ဇွန် ၂၄
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ (၆၃) ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄)(ဓါတ်ခွဲ) (၈)လသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ဦးခင်မောင်ကြည် တက်ရောက်၍ ဓာတ်ခွဲပညာရပ်များကို ကြိုးစားလေ့လာသင်ယူကြရန် ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၇) ဦး တက်ရောက်လျက်ရှိပြီး၊ သင်တန်းကာလ (၈) လအတွင်း ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ သင်တန်းဆရာများက ဓာတ်ခွဲပညာရပ်ဆိုင်ရာသင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။
လှမင်းထွဋ်