မကွေးမြို့တွင် မကူးစက်နိုင်သောရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေး ဇွန် ၂၄

အဆိုပါအခမ်းအနားတွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မကွေးတိုင်းဒေသကြီး ပြည်သူကျန်းမာရမကွေးမြို့တွင် မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အသိပေးဆွေးနွေးတင်ပြခြင်းအခမ်းအနားကို မကွေးမြို့ တိုင်းကျန်းမာရေးရုံး အစည်း‌အဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ အဆိုပါအသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ သက်ဆိုင်ရာတာ၀န်ရှိပုဂ္ဂိုလ်များ၊ ပြည်သူကျန်းမာ‌ရေးဖောင်ဒေးရှင်းအဖွဲ့၀င်များ၊ စေတနာ့၀န်ထမ်းများ၊ NGO အဖွဲ့စည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ေးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်က ပြည်နယ်အတွင်း မကူးစက်နိုင်သော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ရန်ကျော် စေတနာဆေးခန်းတာ၀န်ခံအား စီမံချက်လုပ်ငန်းဆိုင်ရာပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးတာ၀န်ခံဆရာ၀န် ဒေါက်တာ ဝေယံဟိန်းက မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှု ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆီးချို၊ သွေးချို ကာကွယ်ထိန်းသိမ်းရေးစီမံချက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်က ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါနှင့် ကင်ဆာရောဂါများ ရှာဖွေကုသမှုလုပ်ငန်းများကို အခြေခံကျန်းမာရေးဝန်ထမ်းများမှ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက်ခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြပြီးနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)