ဝန်းသို ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဝန်းသို)တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲကို ဇွန်လ ၂၂ ရက်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၌ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၈) ဦးတို့ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးတို့ကလည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မူးယစ်ကင်းစင်ဘဝပျော်ရွှင်”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၁) ဦးတို့ကလည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပန်းချီပြိုင်ပွဲတွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခွင်ကြည်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုမြင့်တို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ပြိုင်ပွဲဝင်ဆုရကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)