ကန်ကြီးထောင့် ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား မေလ ၁၉ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ဇွန်လ (၂၀) ရက်နေ့အထိ ကျေးရွာအုပ်စု(၃၂)အုပ်စု၊ တောင်သူ(၂၂၆၆)ဦး၊ လယ်ဧက(၁၆၃၇၉)ဧက၊ ငွေကျပ်(၂၄၅၆၈.၅၀) သိန်းအား ထုတ်ချေးခဲ့ပြီး ပြီးစီးမှုရာနှုန်းမှာ (၃၃.၈၃)ရာခိုင်နှုန်ဖြစ်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင်၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား ရပ်ကွက်(၇)ခု ကျေးရွာ အုပ်စု(၇၃)အုပ်စုမှ တောင်သူ(၆၈၂၇)ဦး၏ လယ်ဧက(၄၈၄၁၃) အတွက် ချေးငွေကျပ်သိန်း (၇၂၆၁၉.၅၀)အား ထုတ်ချေးရန်လျာထားခဲ့ပြီး တစ်ဧကလျှင် ကျပ်(၁၅၀၀၀၀)နှုန်းဖြင့် တောင်သူတစ်ဦးလျှင် (၁၀) ဧကအထိအား အတိုးနှုန်းမှာ (၅)% ဖြင့် ထုတ်ချေးသွားမည်ဖြစ်သည်။ အဆိုပါချေးငွေအား နှစ်စဥ်ချေးငွေ၊ ကိုဗစ်-၁၉ အထူးချေးငွေ ရယူထားကြသောတောင်သူများ၊ အချိန်စေ့ချေးငွေအပြေအကြေပေးဆပ်ပြီးဖြစ်သော တောင်သူများအား ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)