ဆင်ပေါင်ဝဲမြို့၌ Book Club အသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းပူးပေါင်း၍ Book Club အသင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ရှုခြင်းဖြင့်ရရှိလာသော အသိပညာဗဟုသုတများကိုစာဖတ်သူအချင်းချင်း အပြန်အလှန်ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာမ မြမြဆွေ(စိတ်ပညာ)ရေးသားထားသည့် “နွေးနွေးထွေးထွေး စိတ်တံခါးဖွင့်ပေးမယ်”စာအုပ်တွင် ပါရှိသည့်အကြောင်းအရာများကို ဆွေးနွေးကြရာ Book Clubအဖွဲ့ဝင်ဦးချစ်ထွေးက “စိတ်ထပ်ဆွေးနွေးမှု၊ ရင်ဖွင့်ဆွေးနွေးစိတ်အားဆေးပေးမယ်” ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများကလဲ ဆွေးနွေးမူများအပေါ်သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)