ပခုက္ကူ ဇွန် ၂၃
၂၀၂၅ခုနှစ်၊ ဇွန်လ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာ ဦးဆောင်၍ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ(စာကြည့်တိုက်မှူး)နှင့်ဝန်ထမ်းများက မူးယစ်ဆေးဝါးသုံးစွဲရသည့်အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲပုံအမျိုးမျိုး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ခံစားရရှိနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးပြဿနာများ၊ စိတ်ကိုပြောင်းလဲစေသောမူးယစ်ဆေးဝါးများ၊ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းအကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ စာဆိုပညာရှင်များ၏အဆိုအမိန့်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကိုပြသခြင်း၊ ကျောင်းသား၊ကျောင်းသူများဖတ်ရှုလေ့လာသင့်သည့် သုတ၊ရသဆိုင်ရာစာအုပ်စာစောင်များခင်းကျင်းပြသခြင်း၊ ငှားရမ်းဖတ်ရှုစေခြင်းများကွင်းဆင်းဆောင်ရွက်ကြရာ ပခုက္ကူမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)