ရေကြည်မြို့နယ်၌ အောင်နိုင်တိုး မျိုးစပါးအား ပျိုးဗန်းနှင့် ပျိုးထောင်၍ မျိုးစေ့ထုတ် စိုက်လုပ်မှုကွင်းသရုပ်ပြပွဲကျင်းပ

ရေကြည် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ဆီဆုံကုန်းကျေးရွာ တောင်သူ ဦးနိုင်ဝင်းဆွေ၏ ကွင်းအမှတ်(၈၉၄)၊ ဦးပိုင်အမှတ်(၃၂/၄) လယ်မြေဧက(၅.၀၀) ဧကတွင် အောင်နိုင်တိုးမျိုးစပါးအား ပျိုးဗန်းနှင့် ပျိုးထောင်၍ မျိုးစေ့ထုတ်စိုက်လုပ်မှုကွင်းသရုပ်ပြပွဲကို ယနေ့မန်နံနက်(၈) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဌ)ဦးစောထွန်းဝင်းနှင့် ခရိုင်မြေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဦးမင်းနှောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဇော်လင်းက တောင်သူများနှင့် တွေ့ဆုံ၍ အောင်နိုင်တိုးမျိုးစပါးထည့်သွင်းခြင်း၏ ရေရှည်အကျိုးဖြစ်ထွန်းမှု၊ အကျိုးကျေးဇူးများ၊ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်‌ရေး ကိစ္စရပ်များအား ရှင်းလင်ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းက အဆိုပါပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ထည့်သွင်းစိုက်ပျိုး ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အောင်နိုင်တိုး မျိုးစပါးအား ပျိုးဗန်းနှင့် ပျိုးထောင်၍ မျိုးစေ့ထုတ် စိုက်လုပ်မှု ကွင်းသရုပ်ပြပွဲသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ခရိုင်မြေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဦးမင်းနှောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်း‌ဇော်လင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဆီဆုံကုန်း ကျေးရွာအုပ်စုရှိတောင်သူများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)