မကွေးတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၇၂)ဦး ထပ်တိုးတွေ့ရှိခဲ့၍ အတည်ပြု လူနာ(၁၉၅၄)ဦးထိ ရှိလာ

မကွေး     ဒီဇင်ဘာ     ၁၅

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ ဒီဇင်ဘာ လ ၁၄ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၇၂)ဦး ထပ်တိုးတွေ့ရှိခဲ့တာကြောင့် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၁၉၅၄)ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ခုရက်ပိုင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း ပိုမိုတွေ့ရှိနေတာပါ၊ ဒီဇင်ဘာလ ၁၄ ရက် ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးဆောင်ရွက် ခဲ့မှုများ အရ(၇၂)ဦး တွေ့ရှိခဲ့တာဖြစ်ပြီး၊ ထပ်တိုးလူနာ တွေ့ရှိတဲ့မြို့တွေက မကွေး(၃၅)ဦး၊ အောင်လံ (၁၆)ဦး၊ ဂန့်ဂေါ(၆)ဦး၊ တောင်တွင်း(၅)ဦး၊ပခုက္ကူ(၃)ဦး၊စလင်းနဲ့ နတ်မောက်က (၂)ဦးစီနဲ့ မင်းလှ၊ ပွင့်ဖြူနဲ့ ချောက်က(၁)ဦးစီ တို့ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေက ပိုးတွေ့လူနာနှင့် ထိတွေ့မှု ရှိသူတွေ၊ အနံ့ပျောက် လက္ခဏာ ပြသူတွေ၊ယာဉ်မောင်း/ယာဉ်နောက်လိုက်တွေနဲ့ ခရီးသွားရာဇဝင်ရှိ (Quarantine Centre)တွေက ဖြစ်ပါတယ်။ ဒီကနေ့ ညပိုင်းအချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာ စုစုပေါင်း(၁၉၅၄)ဦးရှိပြီ ဖြစ်ပါတယ်ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနလက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြုပြောကြားသည်။

လက်ရှိမှာ ပိုးတွေ့အတည်ပြု လူနာများအား မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/ မြို့နယ်နှင့်တိုက်နယ်ဆေးရုံ အသီးသီးမှာ တက်ရောက်၍ ဆေးဝါးကုသမှုခံယူရန်အတွက် လူမှုကူညီ ရေးအသင်းအဖွဲ့များက ပို့ဆောင်ပေးလျက်ရှိပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း(၁၉၅၄)ဦး ထိရှိလာပြီး၊ တိုင်းဒေသ ကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံ တက်ရောက်ဆဲ(၄၅၄)ဦးရှိကာ၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၁၄၉၆)ဦးနှင့် သေဆုံး သူ(၄)ဦး ရှိကြောင်း မကွေးတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

သန်းနိုင်ဦး(ငဖဲ)