ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် လိုက်လံရောင်းချပေး

ဖျာပုံ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်(၇)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။
ထိုသို့ ရောင်းချပေးရာတွင်​ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစည်သူထက်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ခရိုင်/မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီမှ ဖျာပုံမြို့ အမှတ် (၁၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်
 အချွန်ဆန်တစ်ပြည်လျှင် ငွေ (၂၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ စားအုန်းဆီ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှန်းဖြင့်လည်းကောင်း၊ ကြက်ဥ (၁) လုံးလျှင် (၃၄၀ )ကျပ်နှုန်းဖြင့်လည်းကောင်း သက်သာသောစျေးနှုန်းဖြင့် ပြည်သူများအဆင်ပြေစွာ ဝယ်ယူနိုင်ရေး လိုက်လံရောင်းချပေးလျက်ရှိကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့် နေ့စဥ် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)