ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Youth Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ၂၀၂၄ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းက မြို့နယ်ရုံးစာကြည့်တိုက်မှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ကျောင်းအားလပ်ချိန်များတွင် သုတရသစာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ မိမိတို့အတွက်အကျိုးရှိစေမည့် စာအုပ်စာပေများကို လေ့လာငှားရမ်းဖတ်ရှုကြစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုသိရှိပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ် Youth  Club အဖွဲ့ဝင် မသဇင်ဦးက ၂၀၂၅ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ပါ ကိုရင်ကျော်ရေးသားသည့် အောင်မြင်ရန် မိနစ် ၃၀ ဆောင်းပါးပါ ကျန်းမာပျော်ရွှင်အောင်မြင်သောဘဝကို ပိုင်ဆိုင်နိုင်ရန်နေ့စဉ်ပြုလုပ်ရမည့် မိနစ် ၃၀ စာလေ့ကျင့်ခန်း ၅ခု အကြောင်း ၊ မြို့နယ် Youth Club အဖွဲ့ဝင် မောင်ကောင်းဆက်ဟိန်းက ညီညီဖေရေးသားသည့် အချိန်ကိုက်ဖြစ်မှုကိုရှေးရှု ဆောင်းပါးပါ ဘဝတွင်အောင်မြင်မှုရရှိရန်အချိန်ကာလအလိုက် အချိန်ကိုက်ဆောင်ရွက်တတ်ရန်လိုအပ်ကြောင်း၊ အလွန်မြန်ဆန်စောလျင်စွာလှုပ်ရှားမှုမပြုသင့်သလို စောင့်ဆိုင်းနှေးကွေးခြင်းကြောင့်လည်း အခွင့်အရေးများဆုံးရှုံးနိုင်ကြောင်းနှင့် အချိန်ကိုက်ဆောင်ရွက်တတ်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့်အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို  အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ငဖဲမြို့နယ်ရုံးအနေဖြင့် Clu အဖွဲ့များနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)