ဖောင်းပြင် ဇွန် ၂၀
ဖောင်းပြင်မြို့နယ်ရုံးအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁၈ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖောင်းပြင်မြို့ အမှတ်(၈၇) အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက်၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖောင်းပြင်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပြင်ပတွင် အသိပညာဗဟုသုတ တိုးပွားစေမည့်စာပေများကို ဖတ်ရှုဖို့လိုကြောင်းသို့မှသာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး အနာဂတ်တွင်အားထားရမည့် လူတော်လူကောင်းများ ဖြစ်လာမှာဖြစ်ကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများနှင့် မူးယစ်ဆေးဝါးများအကြောင်းကို အကျယ်တ၀င့်ရှင်းလင်းပြောကြားကာ ၀န်ထမ်းများက ပုံပြောခြင်းများ ဆောင်ရွက်သည်။
ထို့နောက်ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြသခြင်းများ ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်၀င်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)