ငပုတော ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ဖုံး၊ သွန်၊ လဲ၊ စစ် Abate ဆေးခတ်ခြင်းနှင့် မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းအား ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် Abate ဆေး ခတ်ခြင်းလုပ်ငန်းများအား ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများပူပေါင်း၍ ပိုးလောက်လန်းပေါက်ဖွားနိုင်သည့် နေရာများအား ဖုံး၊သွန်၊ လဲ၊ စစ်၊ လုပ်ငန်းမျာဆောင်ရွက်ခြင်း၊ Abate ဆေးခတ်ခြင်းဆောင်ရွက်ခဲ့ကြပြီး သွေးလွန်တုတ်ကွေးရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် Abate ဆေးခတ်ခြင်းအား ၆ ပါတ်လျှင်တစ်ကြိမ် ရပ်ကွက်၊ ကျေးရွာများ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)