မင်းလှ ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁)ဦးအား အိမ်တိုင်ရာရောက်ကျန်းမာရေးစစ်ဆေးကုသဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈:)နာရီက ရုံးရပ်တောင်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာဝီရအောင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းဆရာ၊ ဆရာမများက ရပ်ကွက်အသီးသီးရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၁)ဦးအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့်လိုအပ်သည့်ဆေးဝါးများအား အခမဲ့ပေးဝေခြင်းတို့ကို အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့မှတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက်ကွင်းဆင်း၍ ကျန်းမာရေးစစ်ဆေးခြင်း ဆေးကုသပေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်ဆက်