ကျွန်းလှ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပြန်လည်ကျင်းပသည့်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့်သမိုင်းဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) စာစစ်ဌာန၌ ဇွန် ၁၉ ရက်နေ့က ဆက်လက်ဖြေဆိုကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းရှိသူ ၂၄၈ ဦးဖြစ်ပြီး ယနေ့ ရူပဗေဒနှင့် သမိုင်းဘာသာဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၂၄၄ ဦး ၉၈ ဒသမ ၃၈ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့ကကြီးကြပ်ပြီး လိုအပ်သည်များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ