ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ရူပ​ဗေဒနှင့်သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

ကန့်ဘလူ ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ( ဇွန် ၂၀ ရက်နေ့) ၌ သက်ဆိုင်ရာစာစစ်ဌာနနှစ်ခု၌ ရူပ​ဗေဒနှင့်သမိုင်းဘာသာရပ်ကို အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲများတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်ဆရာ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

စာစစ်ဌာနများဖြစ်သည့် အ.ထ.က (၁) ကန့်ဘလူတွင် ကျောင်းသား ၃၄၅ ဦး၊ ကျောင်းသူ ၄၂၂ ဦးဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်းအနေဖြင့် ၉၈ ဒသမ ၉၆ ရာခိုင်နှုန်းနှင့် အ.ထ.က (ထန်းကုန်း) တွင် ကျောင်းသား ၄၆ ဦး၊ ကျောင်းသူ ၅၇ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် ၉၉ ဒသမ ၀၃ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)