စလင်းမြို့နယ်အတွင်း မိုးစပါး(၄၇၇၁၅)ဧက လျာထားစိုက်ပျိုးမည်

စလင်း  ဇွန် ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း  ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး(၄၇၇၁၅)ဧက လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဒေသခံတောင်သူများ စပါးထုတ်လုပ်မှုတိုးတက်စေရေး တောင်သူလယ်သမားများအရည်အသွေးကောင်းမွန်သော မျိုးစပါးများကိုစိုက်ပျိုးလုပ်ဆောင်ခြင်းဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ စီမံဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းဒေသထွက် ဆန်စပါးစိုက်ပျိုးခြင်းဖြင့်  စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု  အရည်အသွေးတိုးတက်ကောင်းမွန်စေရေးအတွက် ဒေသခံတောင်သူများအား မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအထွက်နှုန်းကောင်းမွန်စေရေးအတွက် အဓိကထားကာ စိုက်ပျိုးရေးသွင်းအားစုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ပူးပေါင်း၍ စိုက်ပျိုးသွားမည်ဖြစ်ပြီး မိုးစပါးစိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေအလုံအလောက်ရရှိစေရေးအတွက် အစိုးရဆည်များဖြစ်သည့် မဲဇလီဆည်စလင်းရေလှောင်တမံမှတဆင့် လင်းဇင်းဆည်ရေတို့ကိုအသုံးပြု၍ အကျိုးရှိစွာအသုံးချစိုက်ပျိုး၍ တစ်ဧကအထွက်နှုန်းတိုးတက်စေပြီး  နှစ်စဥ်မျိုးကောင်းမျိုးသန့်များကို ခေတ်စနစ်နှင့်အညီပြောင်းလည်း၍ စိုက်ပျိုးခြင်းများ ခေတ်မီလယ်ယာသုံးစက်ကိရိယာများသုံးစွဲနိုင်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနများမှပေါင်းစပ်ကူညီခြင်း နယ်မြေအလိုက်ကွင်းဆင်း၍ တောင်သူများအား စိုက်ပျိုးရေးနည်းစနစ်များ နည်းပညာများဖြန့်ဝေဟောပြောခြင်း  သီးနှံစိုက်ပျိုးချိန်အလိုက်ဖြစ်ပွားကျရောက်တတ်သည့် ပိုးမွှားရောဂါအန္တရာယ်မဖြစ်ပွားစေရေးကြိုတင်ကာကွယ်နည်းလမ်းများ သိပ္ပံနည်းကျပိုးသတ်ဆေးများ တောင်သူများကိုယ်တိုင်သဘာဝနည်းပညာများဖြင့် ဖော်စပ်အသုံးပြုသုံးစွဲနိုင်စေရေးနည်းလမ်းများပေးဝေ၍ လက်တွေ့သရုပ်ပြဖော်စပ်ခြင်းများဟောပြောခြင်းများဖြင့် စိုက်ပျိုးရေးရှေ့တန်းစခန်းများအလိုက် ကွင်းဆင်းကူညီပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

မောင်လွင်(စလင်း)