ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးတွင် (10 Row Seeder) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးပွဲကျင်းပ

ဓနုဖြူ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်မိုးစပါးတွင် (10 Row Seeder)မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက နန်းတော်ကုန်းကျေးရွာအုပ်စု၊ မြင်းစုကျေးရွာတောင်သူ ဦးစံဦးမောင်၏ကွင်းအမှတ်(၁၉၃)၊ ဦးပိုင်အမှတ်(၁၄၀/၁) လယ်မြေဧက ၅ ဧကတွင် အောင်နိုင်တိုးစပါးမျိုး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါမျိုးစေ့ချစက်ဖြင့်စိုက်ပျိုးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း၊ တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဝင်များ၊ တောင်သူများတက်ရောက်ခဲ့ကြပြီး (10 Row Seeder) မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက်ညွှန်ကြားရေးမှူးချုပ်က တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးနည်းစနစ်နှင့်ပတ်သက်၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်