ကံမမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer JN-1) ထိုးနှံပေး

ကံမ ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Pfizer JN-1) ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက မြို့နယ်ပြည်သူဆေးရုံတွင် ဌာနဆိုင်ရာဝန်ထမ်းများအားစတင်၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့်ကူးစက်ပြန့်ပွားမှုလျော့နည်းစေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အတွင်းစုရပ်အသီးသီး၌ ပြည်သူများအားစနစ်တကျထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)