ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးပြောပွဲ ကျင်းပ

ပွင့်ဖြူ  ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရာသီဥတုဂေဟစနစ်များကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီးဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန်အတွက်ရည်ရွယ်၍ ဖလံဝောာကျေးရွာအုပ်စု၊ လက်ပံချည်ပေါ်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ‌ဦးလှဌေးမောင်က အသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ မီးခိုးမြူငွေ့အန္တရာယ်တားဆီးကာကွယ်ရေးအကြောင်းသိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးကြူလှိုင်က မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်၍ ကြုံတွေ့ရမည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာသိကောင်းစရာများ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုက်နာရမည့်ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောပြီး ကျေးရွာနေပြည်သူများကို မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာအုပ်စု၊ လက်ပံချည်ပေါ်ကျေးရွာနှင့်အနီးဝန်းကျင် ကျေးရွာများမှဒေသခံပြည်သူ ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)