သရက် ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၈)နာရီက ဇာလီတောင်သာသနာ့နယ်မြေတွင် ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်တစ်ဦးသို့လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူးက မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိသို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စမ်းအိုင့်ကျေးရွာ အုပ်ချုပ်ရေးမှူးသို့လည်းကောင်း ပျိုးပင်များ ပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက တမာ (၅၀)ပင်၊ ရေတမာ (၅၀) ပင်၊ ယူကလစ် (၂၅)ပင်၊ ပိတောက် (၂၅) ပင်၊ တပြေဘူတ (၂၅) ပင်၊ စိန်ပန်းပြာ (၅၀)ပင်၊ ကုက္ကိုလ် (၂၅)ပင်၊ စိန်ပန်းနီ (၂၅)ပင် စုစုပေါင်း (၂၇၅)ပင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင် (၆၀)ပင်အား တစ်ပျော်တပါး စိုက်ပျိုးပေးခဲ့ပြီး သစ်ပင်စိုက်ပျိုးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)