​စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးခြင်းများကို ဖြူးမြို့နယ်၊ ဒိုင်းတရာ(၁) မူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်

ဖြူး ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသားလူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေးခြင်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ အခြေခံပညာကျောင်းများတွင်ဆောင်ရွက်နေလျက်ရှိရာ ဇွန်လ ၁၇ ရက်နေ့မွန်းလွဲပိုင်းက ဒိုင်းတရာကျေးရွာအုပ်စု၊ ဒိုင်းတရာ(၁) အခြေခံပညာမူလတန်းလွန်ကျောင်းသို့  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကျောင်းရှိ အလယ်တန်းအဆင့်ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အိမာဟိန်းကမူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲပါက ခံရမည့်ပြစ်ဒဏ်များအကြောင်း  အသိပညာပေးဟောပြောပြီး မူလတန်းအဆင့်ကျောင်းသား/သူများအား ဒုတိယဦးစီးမှူးဒေါ်နွယ်နွယ်အေးက ကလေးစာပေများမှ ပုံပြင်များအားပြောကြားပေးသည်။

ဆက်လက်၍  ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အလယ်တန်းအဆင့်ကျောင်းသား/သူများအား စာအုပ်စာစောင်ခင်းကျင်းပြသပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ မူလတန်းအဆင့် ကျောင်းသား/သူများအား သုံးဘီးမိုဘိုင်းလ်ယာဥ်ဖြင့်  ကလေးစာပေများအား ဖတ်ရှုစေခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

နေမျိုးလွင်