ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိ ဒေသခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျ အသုံးပြု၍ နှစ်ရှည်သီးနှံပင်များအပြင် နှစ်တိုပင်များဖြစ်သည့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်းရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစု စားနပ်ရိက္ခာ ဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိကြောင်းသိရသည်။
ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိ ဒေသခံများသည် တစ်နိုင်တစ်ပိုင်အဖြစ် ဟင်းသီးဟင်းရွက်စားပင်သီးနှံများ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်းသိရသည်။ စားပင်သီးပင်များ စိုက်ပျိုးရာ၌ သီးနှံတစ်မျိုး တည်းစိုက်ပျိုးခြင်းအစား စားနပ်ရိက္ခာဖူလုံမှုအပြင် အပိုဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ် အဖြစ် ကန်စွန်း၊ ဆလပ်၊ ပဲတောင့်ရှည်၊ ဘူး၊ ငရုပ်၊ ခရမ်းနှင့်ချဉ်ပေါင်ပင်များကို ရောနှောစိုက်ပျိုးကြကြောင်း သိရသည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်းနှင့် ငရုပ်သီးစိမ်း မျိုးစေ့ တစ်ထုတ်လျှင် ၂၅၀၀ ကျပ်ပေးဝယ်ရပြီး မျိုးစေ့ချ၍ အပင်ပျိုးပြီး ဘောင်များပြုလုပ်ကာ တစ်ပင်နှင့် တစ်ပင် ၂ ပေ အကွာ စိုက်ပျိုးကြောင်း နွေရာသီတွင်ငရုတ်သီးစိမ်း ရှားပါး၍ နို့ဆီဘူး(၁)ဘူးလျှင် (၂၅၀၀)ကျပ် အထိရရှိကြောင်း ယခုအခါ ငရုပ်သီးစိမ်းများ လှိုင်လှိုင်ထွက်ရှိနေသဖြင့် နို့ဆီဘူး(၁)ဘူးလျင် (၈၀၀)ကျပ် သာ ရရှိကြောင်း ငရုပ်သီးစိမ်း စိုက်ပျိုးသူ တစ်ဦးထံမှသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)