ငါးသိုင်းချောင်းမြို့၌ အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်မှု အသိပညာပေးဟောပြော 

ငါးသိုင်းချောင်း ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်မှု အသိပညာပေး ဟောပြောသရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ဇေယျ၏ဦးဆောင်မှုဖြင့် မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့်အန္တရာယ်ရှိအမှိုက်ဆိုပြီး (၄)မျိုးခွဲခြားထားပြီး အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ကြရန် သရုပ်ပြဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)