ရေဦး ဇွန် ၁၉
သီလရှင်ဆရာကြီး၊ ဆရာလေးများ မိုးတွင်းကာလတွင် ဆွမ်းအခက်အခဲများမဖြစ်စေရန် ရည်ရွယ်၍ ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အမျိုးသမီးရေားရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၈:၃၀ အချိန်က ရေဦးမြို့ အောင်ဆန်းရပ်ကွက်ရှိ ရွှေသိမ်တော်သီလရှင်ကျောင်းသို့ ဆွမ်းဆန်တော်နှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
“မိုးတွင်းကာလဆိုတော့ သီလရှင်ဆရာကြီး၊ ဆရာလေးတွေ ဆွမ်းဆန်ခံကြွရာမှာ အခက်အခဲ ရှိတယ်၊ အခုကာလက မိုးကလည်း နေ့တိုင်းနီးပါရွာနေတော့ ဆွမ်းဆန်တော် အခက်အခဲအတွက် အထောက်အပံ့ဖြစ်စေဖို့နဲ့အဆင်ပြေစေရန် ရည်ရွယ်ပြီး ကျွန်မတို့စုပေါင်းပြီး လှူဒါန်းရခြင်း ဖြစ်ပါတယ်”လို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်က ပြောကြားသည်။
ထိုသို့လှူဒါန်းရာတွင် ဆွမ်းဆန်တော်တစ်အိတ်လျှင် (၁၂၀၀၀၀/)တန်ဖိုးရှိ ဆွမ်းဆန်တော် (၃) အိတ်၊ အလှူငွေ (၅၀၀၀၀/-)ကျပ်၊ သီလရှင် ဆရာကြီး ဆရာလေး(၂၆)ပါးအတွက် တစ်ပါးလျှင် (၅၀၀၀/) ကျပ်ဖြင့် အလှူငွေကျပ် (၁၃၀၀၀၀/-)၊ စုစုပေါင်း တန်ဖိုး (၅၄၀၀၀၀/-) ကျပ်အား လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)