နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နယ်မြေဒေသစိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များ စိုက်ပျိုးပေး  

နတ်မောက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နယ်မြေဒေသစိမ်းလန်းစိုပြည်စေရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်းကို ယမန်နေ့က နတ်မောက်-တောင်တွင်းမြို့အဝင် ဆိုင်းဘုတ်ကားလမ်းဘေးတွင် စိုက်ပျိုးခဲ့ကြသည်။

ထို့သို့ သစ်ပင်များစိုက်ပျိုးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်လှပစေရေးအတွက် အဖွဲ့ဝန်ထမ်းများက ကားလမ်းဘေးဝဲ/ယာများတွင် ခရေပင်၊ တမာပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

လှဝင်း