ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ဂန့်ဂေါ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူစည်ကားရာနေရာဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန် ရည်ရွယ်ပြီး ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များဖြစ်သည့်  မြို့နယ်မီးသတ်ဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ အများပြည်သူ ဝင်ထွက်သွားလာမှုများပြားသည့် လူစည်ကားရာနေရာဖြစ်သည့် ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် လမ်းသွားလမ်းလာ မိဘပြည်သူများ၊ ခရီးသွားပြည်သူများ၊ အငှားယာဉ်မောင်းနှင်သူများအား ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် နှာခေါင်စည်း Mask ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ လက်ကိုမကြာခဏဆေးကြောကြရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အကြိမ်ရေပြည့်မီအောင် ထိုးနှံကြရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ကာ Mask အခုရေ(၁၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း