ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နည်း အသိပညာ‌ပေးသရုပ်ပြ

ပြည် ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နည်း အသိပညာပေးသရုပ်ပြပွဲပြုလုပ်သည်။

အသိပညာပေးသရုပ်ပြပွဲတွင် အဆိုပါရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများက ခွဲခြားစွန့်ပစ်ရမည့် အမှိုက်(၄)မျိုးအား သတ်မှတ်အမှိုက်ပုံးများအတွင်း စနစ်တကျ လက်တွေ့သရုပ်ပြစွန့်ပစ်ခဲ့ကြပြီး ယင်းဆောင်ရွက်မှုကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးတို့ ကြည့်ရှုအားပေးကြသည်။

ပြည်မြို့နယ်ရှိ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများအပါအဝင် လူမှုပတ်ဝန်းကျင်အသီးသီး၌ ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေးအတွက် အသိပညာပေးသရုပ်ပြပွဲများကို တာဝန်ရှိသူများပူးပေါင်းကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ထိုသို့ စနစ်ကျသော အမှိုက်ခွဲခြားစွန့်ပစ်ခြင်းသည် မြို့ရွာသန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစို‌ပြည်ရေးကို အထောက်အကူပြုဖြစ်‌စေနိုင်ပြီး သဘာဝပတ်ဝန်းကျင်၌ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချပေးနိုင်ခြင်း၊ အမှိုက်ပမာဏကို လျှော့ချနိုင်ခြင်း၊ ပလတ်စတစ်အစားထိုးပစ္စည်းများ ပြောင်းလဲအသုံးပြုခြင်းနှင့် ပြန်လည်တီထွင် အသုံးပြုနိုင်ရန် အခွင့်အလမ်းအများအပြား ရရှိနိုင်ခြင်းတို့အပြင် လူသားတို့ နေထိုင်ရာကမ္ဘာ့မြေထု၊ လေထု၊ ရေထုအတွင်း မှီတင်းနေထိုင်ကြသည့် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)