ချောင်းသာမြို့တွင် သွေးလွန်တုပ်ကွေးကာကွယ်‌ရေးအတွက် ဖုံး၊  သွန်၊ လဲ၊စစ်ဆောင်ရွက်ပေးခြင်းနှင့် (Abate)ဆေးခပ်ခြင်း လုပ်ငန်းဆောင်ရွက်

ချောင်းသာ ဇွန် ၁၈

ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများဦးဆောင်၍ ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများနှင့် (Abate) ဆေးခပ်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ချောင်းသာမြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ ဌာနနဆိုင်ရာရုံးများ စသည့်နေရာများတွင် ခြင်များ ပိုးလောက်လန်းများ ပေါက်ဖွား နိုင်သည့် ‌‌‌ရေ‌လှောင်ကန်များ ‌ရေအိုးများကိုလိုက်လံစစ်ဆေးကြည့်ရှုပြီး ပိုးလောက်လန်းများမရှိစေရေး (Abate) ဆေးများခပ်ခြင်းတို့ကို ကျန်းမာရေး၀န်ထမ်းများ၊ သက်ဆိုင်ရာတာ၀န်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများနှင့် (Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။

ကျော်ကျော် (ပြန်/ဆက်)