မြန်အောင် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အိုးဘိုကျေးရွာအုပ်စု ၊ကွင်းအမှတ် ၂၈၀၊ ဦးပိုင်အမှတ် ၄၄၃/၂ တောင်သူဦးစိုးသူ၏ လယ်မြေ (၂)ဧကတွင် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက်သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းရေး၊ ကြဲခင်းစနစ် ပပျောက်ရေးနှင့်သီးနှံစိုက်စွမ်းအား မြှင့်တင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)