ချောက်မြို့ အခြေခံပညာမူလတန်းလွန်(ရွာဟောင်း)ကျောင်း၌ လူငယ်ရေးရာ အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

ချောက် ဇွန် ၁၈

မကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာမူလတန်းလွန်(ရွာဟောင်း)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့်မူးယစ်အန္တရာယ်” ခေါင်းစဉ်ဖြင့် မူးယစ်​ဆေးဝါးအမျိုးမျိုး၊ မူးယစ်​ဆေးဝါးအန္တရာယ် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်​ဆေးသုံးစွဲရခြင်း အ​ကြောင်းအရင်းများနှင့် မူးယစ်​ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကိုလည်း​ကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက “စား​သုံးရန်မသင့်​သောအ စားအစားများ” နှင့် “ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသည့် အစားအသောက်များကိုသာရွေးချယ် ၀ယ်ယူစားသောက်ရေး” အကြောင်းကိုလည်းကောင်း၊ မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ” ကိုလည်းကောင်း အသီးသီး​ဟော​ပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့က ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာ​စောင်၊ စားသုံးသူအသိပညာ‌ လက်ကမ်းစာစောင်များအား ဖြန့်‌ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟော‌‌ပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊​ ကျောင်းသား​၊ ကျောင်းသူ စုစု​ပေါင်း (၂၀၀) ဦးတက်​ရောက်ခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက အခြေခံပညာမူလတန်းလွန်(ရွာဟောင်း)ကျောင်းအတွင်း ရောင်းချသော မုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စားသုံးသူအန္တရာယ်ကင်းရှင်း​​စေ​ရေးစစ်​ဆေးခြင်း၊ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ​ဖော်ပြမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)