မအူပင် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်ရှိ တိုးရွှေဝါခန်းမရှေ့တွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာ၌ ခရိုင်၊ မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များအသင်းနှင့် ဥစားကြက်ခြံမွေးမြူရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ ကြက်ဥ (၁) လုံးလျှင် (၃၀၀)ကျပ်နှုန်း၊ ဆန် (၁) ပြည်လျှင် (၂၀၀၀) ကျပ်နှုန်းနှင့် စားအုန်းဆီ(၁)ပိဿာလျှင် (၆၆၀၀) ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြပြီး ဇွန်လ (၁)ရက်နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့ထိ နေ့စဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်