ငါးသိုင်းချောင်းမြို့တွင် ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲ လိုက်နာဆောင်ရွက်မှုများအား စိစစ်ကြပ်မတ်စစ်ဆေး

ငါးသိုင်းချောင်း ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှပြည်သူများ တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို ယနေ့နံနက် ၇ နာရီအချိန်က မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အပတ်စဥ် ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များမသုံးစွဲရေး အသိပညာပေး လုပ်ငန်းများကို မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ဇေယျ၏ ဦးဆောင်မှုဖြင့် ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်နှင့်ဝန်ထမ်းများက ဈေးအတွင်း စျေးရောင်းချသူများအနေဖြင့် အပတ်စဥ်တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်အစားအင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူစသည့် သင့်တော်ရာ အစားထိုး ထုတ်ပိုးသုံးစွဲစေရေး အတွက် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပြည်သူများပါဝင်ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးနှိုးဆော်ပြီး လိုက်လံစိစစ်ကြပ်မတ်၍ ကြွပ်ကြွပ်အိတ်၊ ပလတ် စတစ်အိတ် အသုံးပြုသူတွေ့ရှိပါက စီမံဒဏ်ကြေးငွေပေးဆောင်စေလျက် အရေးယူဆောင်ရွက်လျက်ရှိရာ ပြည်သူများမှ ပူးပေါင်း ပါဝင် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)