မော်လမြိုင်ကျွန်းမြို့နယ်၌ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်တွင်းအခွန်များ ဦးစီးဌာနမှမြို့နယ်အတွင်းရှိ ဟိုတယ်/တည်ခိုးခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် လုပ်ငန်းရှင်များ၊ ရုပ်သံမီဒီယာလုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်မာကုန်ခြောက်ဆိုင် လုပ်ငန်းရှင်များနှင့် လယ်ယာသုံးစက်ပစ္စည်းလုပ်ငန်းရှင်များ ယင်းလုပ်ငန်း (၈) မျိုးနှင့် သက်ဆိုင်သည့် လုပ်ငန်ရှင်များအား အခွန်ဆိုင်ရာဥပဒေများ ရှင်းလင်းခြင်းကို ယမန်နေ့မွန်းလွဲ (၃:၃၀) အချိန်က မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါရှင်းလင်းပွဲတွင် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုလှိုင်က ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာ ဥပဒေများ၊ တာဝန်ယူကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခွန်ဆိုင်ရာ ဥပဒေရှင်းလင်းပွဲသို့ တက်ရောက်လာကြသော မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင်များ ကသိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်