တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်  ဇွန်   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာစစ်ရေးပြမှူးမှ ဦးဆောင်၍ဘင်ခရာအဖွဲ့နှင့်သရုပ်ပြအဖွဲ့များက ကွင်းအတွင်းနေရာယူကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုပြီးတန်းအပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပညာရေးဒီဂရီကောလိပ်ကျောင်း (၂၅) ကျောင်းထဲတွင် ထားဝယ်ပညာရေး ဒီဂရီကောလိပ်သည် ဘင်ခရာသင်တန်းကိုပထမဆုံးဖွင့်လှစ်နိုင်ပြီး ကျောင်း၏ ကိုယ်ပိုင်ဘင်ခရာအဖွဲ့ ဖွဲ့စည်းနိုင်သောကြောင့် ဝမ်းသာဂုဏ်ယူမိပါကြောင်း “ဘင်ခရာ” ဟူသော ဝေါဟာရသည် “ဘင်”နှင့်”ခရာ” ခေါ် တူရိယာ(၂)မျိုးကို အလိုက်သင့်တွဲခေါ်ထားခြင်း ဖြစ်ကြောင်း၊ ဘင်သည် အနောက်နိုင်ငံသုံးတီးစရာတူရိယာဖြစ်ပြီး၊ ခရာသည် မှုတ်စရာ တူရိယာဖြစ်ကြောင်း၊ ဘင်ခရာအဖွဲ့၏ သဘောသဘာဝ၊ အသင်းစိတ်ဓာတ်နှင့် အသင်းစည်းလုံးညီညွတ်မှု၊ ဇွဲရှိမှု၊ စိတ်အားထက်သန်မှုများက အရေးကြီးကြောင်း၊ စုပေါင်းတီးမှုတ်လှုပ်ရှားခြင်းဖြင့် အများနှင့်လိုက် လျောညီထွေပြုမှု ဆောင်ရွက်တတ်စေကြောင်း၊ စစ်ရေးပြနှင့်ဂီတပေါင်းစပ်ထားသဖြင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု၊ ပျော်ရွှင်မှုများဖြစ်ပေါ်စေကြောင်း၊ အသင်းအဖွဲ့လှုပ်ရှားမှုဖြစ်သဖြင့် ဟန်ချက်ညီစွာ လှုပ်ရှားနိုင်စွမ်းရှိပြီး ဂီတရသကို သိရှိခံစားစေကာဗလငါးတန်ပြည့်စုံမှုကို ဦးတည်ကြောင်း၊ သင်တန်းတွင် ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ကျောင်းသား၊ကျောင်းသူ(၅၃)ဦး၊ ဆရာ၊ဆရာမ (၉)ဦး၊ရုံးဝန်ထမ်း (၂)ဦးနှင့် ဝန်ထမ်းမိသားစုဝင် (၃)ဦး၊ စုစုပေါင်း (၆၇)ဦး ပါဝင်ကြောင်း၊ ထားဝယ်ပညာရေးဒီဂရီ ကောလိ ပ်အနေဖြင့် ကျောင်းဖွင့်စဉ်ကာလများတွင်ဘင်ခရာ သင်တန်းများဖွင့်နိုင်အောင်ကြိုးစား ဆောင်ရွက်ကြရန်၊ ဘင်ခရာအဖွဲ့စဉ်ဆက်မပြတ် ဆက်လက်ရှင်သန်အောင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စစ်ရေးပြမှူး ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး သင်တန်းဆင်း ဘင်ခရာအဖွဲ့၊ လေးနှစ်သင် Fitness Dance အဖွဲ့၊ Dip.EP အမှတ်စဉ်(၁) Fitness Dance အဖွဲ့၏သရုပ်ပြသနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)