စလင်း ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၅-၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ် စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ် ပေးသွင်းသည့် တောင်သူများအား ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က စတင်ကာ နေ့လယ်ပိုင်းအထိ ထုတ်ချေးပေးခဲ့ရှိကြောင်း သိရသည်။
စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေစည်းကမ်းချက်များနှင့်အညီ ချေးငွေ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး အစောဆုံးပြန်လည်ပေးဆပ်ခဲ့သော တောင်သူတစ်ဦးချင်းစီထံသို့ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ဇွန်လ(၁၃)ရက်နေ့မှ စတင်ကာအုပ်စု(၃)အုပ်စုမှ တောင်သူ (၁၈) ဦးတို့အား ထုတ်ချေးပေးခဲ့ပြီး ယမန်နေ့ ဇွန်လ(၁၇)ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က စတင်ကာ နေ့လယ်ပိုင်းအထိ ရုံးပင်ကန်ကျေးရွာအုပ်စုမှ တောင်သူ(၂၀၅)ဦးနှင့် စုစုပေါင်းတောင်သူ (၂၂၃) ဦးတို့အား မိုးရာသီစိုက်ပျိုးစရိတ် မိုးစပါးစိုက် ပျိုးရန်(၇၃၄)ဧက၊ မိုးနှမ်းစိုက်ပျိုးရန်(၆၃)ဧက၊ စုစုပေါင်း (၇၉၇)ဧကအား၊ စိုက်ပျိုးအသုံးပြုရန် ကျပ်သိန်းပေါင်း (၁၁၆၄) သိန်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း ကျန်ရှိနေသေးသည့် စိုက်ပျိုးစရိတ် ချေးငွေဆပ်ပြီးသည့် တောင်သူများကိုအား ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဦးဌေးလွင်ထံမှ သိရသည်။
မောင်လွင်(စလင်း)