နန်းယွန်းမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယ)အကြိမ် ကျောင်းသား/သူများ ပြန်လည်စတင်ဖြေဆို

နန်းယွန်း ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ ၂၀၂၅ ပညာခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ဒုတိယအကြိမ်) ပြန်လည်ဖြေဆိုသည့် ကျောင်းသား/သူများ နံနက်(၉)နာရီ အချိန်ကစတင်၍ ဘာသာရပ်များကို စိတ်အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

နန်းယွန်းမြို့စာစစ်ဌာန(၁)ခုရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် တက္ကလိုလ်၀င်စာမေးပွဲဒုတိယအကြိမ် ပြန်လည်ဖြေဆိုသည့် ကျောင်းသား/သူစာရင်းရှိ ကျား(၉၉)ဦး၊ မ(၁၂၀)ဦး စုစုပေါင်း(၂၁၉)ဦးရှိသည့်အနက် ဖြေဆိုသူကျား(၉၈)ဦး၊မ(၁၂၀) ဦး စုစုပေါင်း (၂၁၈) ဦး၊ ဖြေဆိုပြီး ပျက်ကွက်ကျား(၁)ဦးရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၉.၅၄)ရှိကြောင်းနှင့် ပျက်ကွက်မှု ရာခိုင်နှုန်း (၀.၄၆)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယအကြိမ် ပြန်လည်ဖြေဆိုသည့် ကျောင်းသား/ သူများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ချီးမြှင့်မှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့်အဖွဲ့များ၊ သက်ဆိုင်ရာတာဝန်ရှိသူတို့က အနီးကပ်ကြပ်မတ်၍ နေ့စဉ်နေ့လယ်စာများကျွေးမွေးခြင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)