အောင်လံ ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ E-Cigarette(Vape)ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်ဥပဒေအရာရှိ ဒေါ်အေးအေးသွယ်က ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်က နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါများ၊ ဆေးလိပ်ငွေ့အန္တရာယ်ကြောင့် ဖြစ်စေနိုင်သည့် ရောဂါများ အကြောင်း အကျယ်တဝံ့ ဆွေးနွေးခဲ့ပြီး၊ ကျန်းမာရေးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)