သံတောင်ကြီး ဇွန် ၁၈
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက်ကို တစ်နှစ်တာပတ်လုံး အရွက်နုများထွက်ရှိချိန်တွင် လက်ဖက်ခြောက်၊ လက်ဖက်စိုများ ပြုလုပ်ရောင်းချရာတွင် ဈေးကောင်းရရှိသည့်အတွက် ဒေသခံတောင်သူများမှာ မိမိတို့ ဥယျာဉ်ခြံမြေများ၌ လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်း သိရသည်။
ယခုဇွန်လတွင် ဒေသခံပြည်သူများမှာ အများအားဖြင့် (၁) နှစ်သား လက်ဖက်ပျိုးပင်များကို စိုက်ပျိုးပြီး (၅) နှစ်ခန့်တွင် လက်ဖက်အရွက်နုများ စတင်ခူးယူနိုင်သည်။ လက်ဖက်အရွက်နုများမှာ နွေ၊ မိုး၊ ဆောင်း ရာသီတိုင်းတွင် အရွက်နုများထွက်ရှိပြီး မိုးတွင်းအချိန်တွင် ပွင့်လင်းရာသီအချိန်တွင် လက်ဖက်ခြောက်များ ပြုလုပ်ခြင်း၊ မိုးတွင်းအချိန်တွင်လက်ဖက်အရွက်နုများကို ခူးယူကာမနူးတနူးပြုတ်၍ လက်ဖက်စိုပြုလုပ်ပြီး ပလတ်စတစ် (သို့) ဖက်ရွက်ဖြင့် ပြန်လည်ထုတ်ပိုးကာ သံတောင်ကြီးမြို့တွင် သာမက တောင်ငူမြို့ရှိလက်ဖက်စို အဝယ်ဒိုင်များတွင် ရောင်းချလျက်ရှိကြောင်း လက်ဖက်စိုက်ပျိုးလုပ်ကိုင်သူ တောင်သူ ဦးစောဖရက်ထံက သိရသည်။
နော်နော်မူ