သာပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

သာပေါင်း ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုး ပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီအချိန်က တောင်ကလေးကျေးရွာစု၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း ရည်ရွယ်၍ သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်နိုင်စေရန်၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူချိန်လျှော့ချနိုင်စေရန် အပူဒဏ်ကာကွယ်နိုင်စေရေးတို့အတွက် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိလာခဲ့ကြရာမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းဝင်း‌ဇော်နှင့် သစ်တောဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အခြေခံပညာမူလတန်း(ဆင်ကူး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူတို့က ပျဥ်းကတိုး ပျိုးပင်(၂၅၀)၊ မန်ဂျန်ရှား ပျိုးပင်(၃၀၀)၊ မဟော်ဂနီပျိုးပင်(၂၀၀)၊ ခရေပျိုးပင် (၅၀) ပျိုးပင်ပေါင်း(၈၀၀)တို့ကို တောင်ကလေး ကျေးရွာအုပ်စု၊ ဆင်ကူး ကျေးရွာတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး