သံတောင်ကြီးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး  နံရံကပ်စာစောင်ပြသ

သံတောင်ကြီး ဇွန်  ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်းသား လူငယ်လူရွယ်များအနေဖြင့်  လူကုန်ကူးမှုအန္တရာယ် သိရှိစေရန် အတွက်  လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင်လူကုန်ကူးခြင်းဆိုတာဘာလဲ၊ လူကုန်ကူးသူက ဘာလုပ်သလဲ၊  လူကုန်ကူးသူကဘယ်လို လုပ်ဆောင်လဲ၊  လူကုန် ကူးခြင်းအမျိုးအစား၊  လူတွေဟာ ဘာကြောင့်လူ ကုန်ကူးခံရသလဲ၊ လူကုန်ကူးသူတွေရဲ့နည်းလမ်း၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ  စသည့် အကြောင်းအရာများအား ပြသပေးခဲ့ကြောင်းသိရသည်။  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ရုံးအနေဖြင့် နေ့ထူးနေ့မြတ်နှင့် အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များ   ပြသပေးလျက်ရှိကြောင်းသိရသည်။

နော်နော်မူ