သရက်ချောင်း ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က အဆိုပါသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် သက်ဆိုင်ရာ သင်တန်းနည်းပြများက ဘာသာရပ်အလိုက်သင်ခန်းစာများကို ပို့ချသင်ကြားခဲ့သည်။
အဆိုပါသင်တန်း၌ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ စာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်း ၁၀၀ ဦးတက်ရောက်ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဦးစီးတာဝန်များ၊ ဝန်ထမ်းစည်းမျည်းစည်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ သစ်တောဥပဒေညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊ မဲစာရင်းပြုစုခြင်းဆိုင်ရာများ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းစင်ရေးဆိုင်ရာများ၊ နိုင်ငံခြားသားဥပဒေနှင့်လဝက လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထုတ်ချေးသည့် ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ယစ်မျိုးနှင့်ဓာတ်သတ္တုအမှုတွဲတည်ဆောက်ခြင်းလုပ်ထုံးလုပ်နည်းများ၊ ရေလုပ်ငန်းအကြောင်းနှင့်ရေလုပ်ငန်း လိုင်စင်သိကောင်းစရာများ၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်တွေ့အသုံးပြုလျက်ရှိ သည့် မီးသတ်ဥပဒေဘာသာရပ်များ ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့်အခြား နည်းသုံးစွဲခွင့်လုပ်ထုံးလုပ်နည်းများ၊ ပိုးသတ်ဆေးဓာတ်မြေဩဇာဥပဒေနှင့်သီးနှံအထွက်တိုး ဆောင်ရွက်ရေးနည်းလမ်းများ၊ အခြားဝန်ထမ်းရေးရာနှင့်ပတ်သက်သည့်ဘာသာရပ်များကို ဇွန်လ(၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)